-
အွန်လိုင်းစစ်ဆေးမှုဆိုင်ရာ ရှေ့ပြေး ဆန်းစစ် သုတေသနပြုခြင်းတွင် ပါဝင်ဆောင်ရွက်မည့် ကျောင်းများနှင့် ကျောင်းသားကျောင်းသူများအား Assessment Team မှ မေတ္တာရပ်ခံချက်
ဆရာ/မများ နှင့် ကျောင်းသား/သူများ ရှင့်/ခင်ဗျား
၁။ ကြားကာလအတွင်း အခက်ခဲအမျိုးမျိုးကြားမှ Grade-12(သင်ရိုးသစ်) ကို သင်ကြား သင်ယူခဲ့ကြပြီး အွန်လိုင်းစစ်ဆေးမှုဆိုင်ရာ ရှေ့ပြေး ဆန်းစစ် သုတေသနပြုခြင်းတွင် ပါဝင်ဆောင်ရွက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
၂။ ဤသုတေသနတွင် ပါဝင်ဆောင်ရွက်ကြသော ကျောင်းများ နှင့် တာဝန်ရှိသူ ဆရာ/မများ ၊ ပါဝင်ကြမည့် ကျောင်းသား/သူများ၏ အချက်အလက်များကို မိမိတို့အဖွဲ့မှ လျှို့ဝှက်ထားမည် ဖြစ်ပါသည်။ ဘာသာရပ်အလိုက် မေးခွန်းမူကြမ်းများကို ဆန်းစစ်လေ့လာခြင်း နှင့် စစ်ဆေးမှုဆိုင်ရာ နည်းစနစ်များကို လေ့လာခြင်း တို့မှ ရရှိလာသော ရလဒ်များကို ပိုမိုကောင်းမွန်ရန် အသုံးချမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၃။ ကျောင်းအသီးသီးမှ တာဝန်ရှိ ဆရာ/မများက ဖြေဆိုမည့်သူများအား အောက်ပါအချက်များ လိုက်နာရန် လမ်းညွှန်ပေးခြင်းဖြင့်လည်းကောင်း ၊ ဖြေဆိုမည့် ကျောင်းသား/သူများကိုယ်တိုင် အောက်ပါအချက်များ သိရှိလိုက်နာခြင်းဖြင့်လည်းကောင်း ကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံပါသည်-
(က) မေးခွန်းမူကြမ်းများကို ကူးယူခြင်း ၊ ဓာတ်ပုံရိုက်ကူးခြင်း (လုံးဝ) မပြုလုပ်ရန်
(ခ) အခြားသူ တစ်ဦးတစ်ယောက်ထံမှ အကူအညီ ရယူ ဖြေဆိုမှု (လုံးဝ) မပြုလုပ်ရန်
(ဂ) ဖတ်စာအုပ်များ ၊ မှတ်စုစာအုပ်များ ၊ စာရွက်စာတမ်းများကို ကြည့်ရှုဖြေဆိုမှု (လုံးဝ) မပြုလုပ်ရန်
(ဃ) ဖြေဆိုရာတွင် အသုံးပြုသည့် Phone/Tablet/Laptop/Computer မှ လွဲ၍ အခြား Phone/Tablet/Laptop/ Computer မှတဆင့် အချက်အလက်များ ကြည့်ရှုဖြေဆိုမှု (လုံးဝ) မပြုလုပ်ရန်* (*မှတ်ချက် - ဘာသာရပ်၏ လိုအပ်ချက်အရ ခွင့်ပြုသော ပစ္စည်း ( ဥပမာ- ဂဏန်းပေါင်းစက်) ဖြစ်ပါက အသုံးပြုနိုင်ပါသည်။)
(င) ဖြေဆိုသူသည် မိမိ၏ ID နံပါတ်ကို မှန်ကန်စွာဖြည့်သွင်းရန်
(စ) ဓမ္မဓိဌာန်မေးခွန်းများ ဖြစ်သည့်အတွက် အချိန်မဆွဲဘဲ ဖြေဆိုရန်
(ဆ) ပေးထားသည့် အချိန်အတွင်း မေးခွန်းများအားလုံးကို အစမှအဆုံး ပြီးဆုံးအောင် ဖြေဆိုရန်
(ဇ) Zoom ဖြင့် ဝင်ရောက်ရန် Device တစ်ခုနှင့် Assessment ဖြေဆိုရန် Device တစ်ခု စုစုပေါင်း ကျောင်းသား/သူ တစ်ဦးလျှင် Device ၂ခု ပြင်ဆင်ပေးထားရန်
(ဈ) Zoom ဖြင့်ဝင်ရောက်၍ ကျောင်းသား/သူများ ဖြေဆိုနေစဉ်အတွင်း camera ဖွင့်ထားရန် (မှတ်ချက်-Zoom အခန်းစောင့်သည့် ဆရာ၊ ဆရာမတစ်ဦးတည်းကသာ ကျောင်းသား/သူကို မြင်ရမည်ဖြစ်ပါသည်။)
(ည) Zoom Account များကို ဖြေဆိုမည့်ကျောင်းသား/သူမှ လွဲ၍ အခြားသူများကို မဖြန့်ဝေရပါ။
၄။ သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၃) မှ အချက်များအားလုံးကို လိုက်နာဆောင်ရွက် ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Assessment Team